ကလေးတွေ အပူရှပ်ရင် ဘယ်လိုလုပ်ဆောင်ပေးရမလဲ
အပူရှပ်တယ်ဆိုတာက ခန္ဓာကိုယ်မှာ အပူချိန်တွေက အရမ်း မြင့်တက်လာတာမျိုးပါ။ ဒီလို အပူချိန် မြင့်တက်တာက ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ အပြင်ထွက်ပြီး အားရပါးရ ကစားကြမယ့် ကလေးတွေမှာ အပူရှပ်ခဲ့ရင် ဘယ်လိုများ လုပ်ဆောင်ပေးရမလဲဆိုတာကို ပြောပြပေးသွားမှာမို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်ပေးခဲ့ပါဦးနော်။
အပူရှပ်နေရင် ဘယ်လို လက္ခဏာပြမလဲ?
ကလေးတစ်ယောက်က အပူရှပ်နေပြီဆိုရင်
- အော့အန်မယ်
- မအီမသာဖြစ်နေမယ်
- ကိုယ်အပူချိန်က (105 ဒီဂရီဖာရင်ဟိုက်) ဖြစ်နေမယ်
- ခေါင်းကိုက်မယ်
- အရေပြားတွေ ပူနေမယ်
- မူးဝေမယ်
- အားနည်းမယ်
- အသက်ရှူမြန်လာမယ်
- နှလုံးခုန် မြန်မယ်
- ဗိုက်အောင့်မယ်
- ကြွက်တက်မယ်
- ချွေးမထွက်တာမျိုး ဖြစ်မယ်
- ချွေးတွေ နစ်နေအောင် ထွက်မယ်။
အရမ်း ပြင်းထန်မယ်ဆိုရင်
- တက်မယ်
- နုံးချိနေမယ်
- အပြုအမူတွေ ပြောင်းမယ်
- အာရုံထွေပြားလာမယ်။
ကလေးက အပူရှပ်နေပြီဆိုရင် သက်သာစေဖို့
ကလေးက အပူရှပ်တဲ့ လက္ခဏာဗတွ ခံစားနေရပြီဆိုရင် အရင်ဆုံး
ကလေးကို အရိပ်အောက်ကို ပို့ဆောင်ပါ - ကလေးကို အရိပ်ရတဲ့ နေရာကို ရွှေ့ပါ။ ဒါမှ အပူချိန်ကို လျှော့ချဖို့ အထောက်အကူဖြစ်စေမှာပါ။ အပင်ရိပ်အောကဖြစ်ဖြစ် နေအိမ်ထဲကိုဖြစ်ဖြစ် ရွှေ့ပေးပါ။
လေဝင်လေထွက် ကောင်းပါစေ - ကလေးကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပေးပါ။ ဒါမှ အပူချိန် မြန်မြန်ကျပြီး ကလေးအပူရှပ်တာကို သက်သာစေမှာပါ။
ကလေးကို အဝတ်အစားတွေဖယ်ရှားပါ - ကလေးရဲ့ ခန္ဓကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ဖယ်ရှားပေးတာက ခန္ဓာကို်ယ အပူချိန် မြင့်တက်နေတာကို လျော့ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကလေးကို သက်တောင့်သက်သာ လှဲစေပါ - ကလေးကို ခြေထောက်လေးကို နည်းနည်းမြင့်တဲ့ အနေအထားနဲ့ သက်တောင့်သက်သာ လှဲလျောင်းနေစေပါ။ ခြေထောက်အောင်မှာ ခေါင်းအုံး ဒါမှမဟုတ် စောင်ခေါက်ထူထူလေး ခုထားပေးပါ။
ကလေးကို ရေနွေးနွေးနဲ့ ရေပတ်ဝတ် တိုက်ပေးပါ - ကလေးက သတိရှိတယ်ဆိုရင် ကလေးကို ရေနွေးနွေးလေးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ရေပတ်ဝတ် တိုက်ပေးပါ။ ရေနွေးနွေးလေး လောင်းချိုးပေးလို့လည်း ရပါတယ်။
ရေတိုက်ပါ - ကလေးက သတိရှိနေတယ်ဆိုရင် ကလေးကို ရေ ဒါမှမဟုတ် ဓာတ်ဆားရည်ကို နည်းနည်းချင်းစီ တိုက်ပေးပါ။ အခန်းအပူချိန်အတိုင်း ရှိနေတဲ့ ရေ နဲ့ ဓာတ်ဆားကိုပဲ တိုက်ပေးပါ။ အရမ်းအေးတာမျိုး မတိုက်ပါနဲ့။
ကလေးက အန်နေရင် ဘေးစောင်းပေးပါ - ကလေးက အန်နေမယ်ဆိုရင် အစာနင်တာမျိုး မဖြစ်စေဖို့အတွက် ဘေးစောင်း အနေအထား ထားပေးပါ။
ပြီးရင်တော့ ကလေးကို နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး ခေါ်သွားပေးဖို့ လိုပါမယ်။
မွန်မွန်